ရေခဲတုံး၏ အံ့အားသင့်ဖွယ်ရာ အသုံးဝင်ပုံများ !

ရေခဲတုံးရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ မျက်နှာကို လန်းဆန်းစေခြင်း မိတ်ကပ်မလိမ်းခင် ရေခဲတုံးကို မျက်နှာအသားအရေအနှံ့ သုတ်လိမ်းပေးပါ။ ချက်ချင်း တောက်ပလာပါ လိမ့်မယ်။ ရေခံတုံးကို နူးညံ့တဲ့ အ၀တ်စ ဒါမှမဟုတ် တစ်သျှူးနဲ့ အုပ်ပြီး မျက်နှာပေါ်အုပ်ပါ။ ပြီးမှ မိတ်ကပ်လိမ်းရင် မိတ်ကပ်သား စွဲစေပါတယ်။

နေလောင်ဒဏ်ရာပျောက်စေခြင်း။ ရေခဲတုံးကို နေလောင်ထားတဲ့ အရေပြားပေါ်တွင် ပွတ်လိမ်းပေးရင် အလွန်အေးမြသက်သာစေတဲ့ ခံစားချက်ရှိပါတယ်။

ဝက်ခြံသက်သာစေခြင်း။ ၀က်ခြံအဖုအပိမ့်တွေပေါ် ရေခဲကပ်ပေးရင် အရေပြားကို အေးမြစေတဲ့ ခံစားချက် ရှိပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျဉ်းစေပြီး အရေပြားအတွင်း ဘက်တီးရီးယားပိုးတွေ မ၀င်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ သန့်ရှင်းတဲ့ ပိတ်စထဲရေခဲတုံးထည့်ပြီး အမာရွတ်ပေါ်ကို နေ့စဉ် ၁၀ မိနစ်ခန့် ပွတ်သပ်ပေးပါ။ ချွေးပေါက် ကျဉ်းပြီး ရောင်ရမ်းမှုလျော့ကျစေပါတယ်။

မျက်စိကိုအနာရစေခြင်း။ အလုပ်ကို ကြာကြာလုပ်ပြီး ပင်ပန်းနေရင်၊ ကွန်ပျူတာစခရင်ကို ကြာကြာ ကြည့်ထားရင် ရေခဲတုံးထည့်ထားတဲ့ ပိတ်စကို မျက်စိပေါ်အုပ်ပေးပါ။ စိတ်ဖိစီးမှုကို သက်သာလျော့ပါး စေရုံသာမက မျက်စိဖောင်းအစ်မှုကို ကင်းစင်စေပါတယ်။

အမွေးနုန်လျှင် နာကျင်မှုမရှိခြင်း။ မျက်ခုံမွှေးနုတ်တဲ့အခါ နာကျင်မှုမရှိစေဖို့ မျက်ခုံးမွှေးပေါ်ကို ရေခဲတုံး ကပ်ပေးပါ။ အဲဒီနေရာ ထုံသွားပြီး အမွေးနုတ်တဲ့အခါ နာကျင်မှု ကင်းစေပါတယ်။

မီးလောင်ဖုသက်သာစေခြင်း။  မီးလောင်ဖု၊ အရည်ကြည်ဖုတွေပေါ်ကို ရေခဲထုပ်ထားတဲ့ ပိတ်စအုပ်ပေးရင် အရေပြားကို နောက်ထပ် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပါတယ်။ ရောင်ရမ်းမှုကိုလည်း လျော့ကျစေ ပါတယ်။

ကြွက်သားနာကျင်မှုလျော့ပါးစေခြင်း။  ကြွက်သားရောင်ရမ်းမှုနဲ့ နာကျင်မှုသက်သာစေဖို့ ရေခဲတုံးကပ် ပေးနိုင်ပါတယ်။

Credit – ကြယ်စင်