မန္ယူကို ေလၽွာ့မတြက္ဖို႔ အသင္းေဖာ္ေတြကို သတိေပးလိုက္တဲ့ ဟာရီကိန္း

စက္တင္ဘာ ၁၉
ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ဟယ္ရီကိန္းဟာ မန္ယူနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ၿပိဳင္ဘက္ကို အထင္မေသးဖို႔ အသင္းေဖာ္ေတြကို သတိေပးစကားေျပာၾကားလိုက္ပါတယ္။ ဟယ္ရီကိန္းက “ခက္ခဲမယ့္ပြဲတစ္ပြဲပါ။ မန္ယူက အခုခ်ိန္မွာ ႐ုန္းကန္ေနရတာကို ကၽြန္ေတာ္ သိပါတယ္။ ဒါေပမယ့္ တစ္ခါတေလက်ရင္ ဒီလိုအသင္းေတြက အႏၲရာယ္ရွိနိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ႀကီးမားတဲ့နည္းလမ္းနဲ႔ ျပန္လာဖို႔ ႀကိဳးစားေနလို႔ပါ” ဟု ေျပာဆိုထားပါတယ္။
မန္ယူအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ (၅)ပြဲ ကစားၿပီးခ်ိန္မွာ (၃)ပြဲအထိ ရႈံးနိမ့္ထားၿပီး အေျခအေနဆိုးေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
ဒီပြဲမွာ ဟယ္ရီကိန္းဟာ ဘိုင္ယန္ျမဴးနစ္ ကစားသမားဘဝ ပထမဆုံး ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲကို ကစားရမွာလည္းျဖစ္ပါတယ္။ အသက္၃၀ႏွစ္ရွိ အဂၤလန္လက္ေရြးစင္ အသင္းေခါင္းေဆာင္ ဟာရီကိန္းဟာ စပါးအသင္းကေန ဘိုင္ယန္ျမဴးနစ္အသင္းဆီသို႔ ယူရို သန္း ၁၁၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့သူလည္းျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ မန္ယူအသင္းတို႔ဟာ စက္တင္ဘာလ(၂၁)ရက္ ျမန္မာစံေတာ္ခ်ိန္နံနက္(၁:၃၀)နာရီမွာ ယွဥ္ၿပိဳင္ကစားသြားၾကမွာလည္းျဖစ္ပါတယ္။

========================

မန်ယူကို လျှော့မတွက်ဖို့ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ဟာရီကိန်း

စက်တင်ဘာ ၁၉
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်ယူနဲ့ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ပြိုင်ဘက်ကို အထင်မသေးဖို့ အသင်းဖော်တွေကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ဟယ်ရီကိန်းက “ခက်ခဲမယ့်ပွဲတစ်ပွဲပါ။ မန်ယူက အခုချိန်မှာ ရုန်းကန်နေရတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် တစ်ခါတလေကျရင် ဒီလိုအသင်းတွေက အန္တရာယ်ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကြီးမားတဲ့နည်းလမ်းနဲ့ ပြန်လာဖို့ ကြိုးစားနေလို့ပါ” ဟု ပြောဆိုထားပါတယ်။
မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် (၅)ပွဲ ကစားပြီးချိန်မှာ (၃)ပွဲအထိ ရှုံးနိမ့်ထားပြီး အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီပွဲမှာ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဆုံး ချန်ပီယံလိဂ်အိမ်ကွင်းပွဲကို ကစားရမှာလည်းဖြစ်ပါတယ်။ အသက်၃၀နှစ်ရှိ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟာရီကိန်းဟာ စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီသို့ ယူရို သန်း ၁၁၀ နဲ့ ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနဲ့ မန်ယူအသင်းတို့ဟာ စက်တင်ဘာလ(၂၁)ရက် မြန်မာစံတော်ချိန်နံနက်(၁:၃၀)နာရီမှာ ယှဉ်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။