Calvin Klein ရဲ့ သံတမန် ဖြစ်လာခဲ့တဲ့ BTS အဖွဲ့ဝင်Jungkook

BTS အဖွဲ့ဝင် Jungkook အား Calvin Klein Jeans and Underwear ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း Calvin Klein က တရားဝင် ကြေညာခဲ့ပါတယ်။

Jungkook က သူ့ရဲ့ ဂီတ၊ စတိုင်လ် နဲ့ နိုင်ငံတကာပရိသတ်ကို ဆက်သွယ်ပေးနိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးအနုပညာရှင် တစ်ဦးဖြစ်တယ်လို့ သံတမန်အဖြစ် ရွေးချယ်ကြောင်း ကြေညာချိန်မှာ Calvin Klein ရဲ့ ဈေးကွက် ရှာဖွေရေးအရာရှိချုပ် ဂျွန်နသန် ဘောတမ်လီ က ပြောပါတယ်။

သူ့အနေနဲ့ အချိန်ကြာမြင့်စွာကပင် Calvin Klein ရဲ့ ပရိသတ်ဖြစ်ခဲ့ကြောင်း နဲ့ သံတမန်အနေနဲ့ ခန့်အပ်မှု ရတာကို အားရဝမ်းသာ ဖြစ်ရပါကြောင်း Jungkook က ပြောပါတယ်။

 

-Ref: Soompi