ရေအားလျှပ်စစ်စီမံကိန်း ဖေါ်ဆောင်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခြင်း

ကွန်ဟိန်း  မတ်  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းနုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဥက္ကဋ္ဌ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိတို့နှင့်အတူ ကျိုင်းလွန်းကျေးရွာအုပ်စု ဟိုယံကျွန်းရှိ ရေတံခွန်သို့ သွားရောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူရရှိနိုင်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။