အမေရီကန် ရော့ခ်တီးဝိုင်း The Eagles ပြန်လည်ပေါင်းစည်းမည်

အမေရိကန် ရော့်ခ်တီးဝိုင်း The Eagles သည် နယူးယောက်နှင့် လော့စ်အင်ဂျလိစ်မြို့တို့တွင် နှစ်ရက်ကြာ ကျင်းပမည့် ပွဲတော်တစ်ခုတွင် ပြန်လည်ပေါင်းစည်းဖျော်ဖြေရန် စီစဉ်ထားကြောင်းသိရသည်။

၎င်းအဖွဲ့အနေဖြင့် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် အဖွဲ့ဝင် ဂလင်းဖရေး ရုတ်တရက်ကွယ်လွန်ခဲ့ပြီးနောက် အတူတွဲပြီး ဖျော်ဖြေမှုမျိုး မပြုလုပ်ခဲ့သော်လည်း ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်မည့် Classic East ပွဲတော်တို့တွင် ပြန်လည်ဖျော်ဖြေတော့မည်ဖြစ်သည်။ သတင်းအရင်းအမြစ်တစ်ခုက “The Eagles အဖွဲ့ဝင် တွေဟာ စင်မြင့်ပေါ်မှာ အတူပြန်တွေ့ကြတော့မှာပါ” ဟုဆိုသည်။

သို့သော် အတွင်းသတင်းအရင်းအမြစ်တစ်ခု၏ အဆိုအရအဖွဲ့ ပြန်လည်ပေါင်းစည်းသည်ဆိုသော သတင်း များကို ငြင်းဆိုခဲ့သည်။ သတင်းအရင်းအမြစ်တစ်ခုက “အဲဒါဟာ သူတို့ ပေါ့ပေါ့ပါးပါး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး၊ သူတို့ရဲ့ ခံစားချက်တွဟော ပြောင်းလဲသွားပါပြီ၊ ပြီးတော့ သူတို့ကို တွေ့ချင်နေ ကြတဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေရှိတယ်ဆိုတာ သူတို့သိထားပါတယ်၊ သူတို့ထဲက ဘယ်သူမှ ပိုက်ဆံမလိုအပ်ပါဘူး၊ ဖျော်ဖြေပွဲတွဟော လေးစားမှုရှိပြီး ဂုဏ်ပြုတာနဲ့လျော်ညီအောင်ပဲ သူတို့လုပ်ချင် တာပါ” ဟု The Sun သတင်းစာသို့ ပြောကြားခဲ့သည်။

The Eagles တီးဝိုင်းအနေဖြင့် ဂလင်းန်နေရာတွင် အစားထိုးရန် အဆိုတော်အသစ်တစ်ဦးကို ငှားရမ်းရန် ဆုံးဖြတ်ချက်မချရသေးပေ။ အတွင်းသတင်းတစ်ခု၏ အဆိုအရ “အဖွဲ့ဟာ ဂလင်းန်နေရာမှာ အစားထိုးဖို့ ပြဿနာနဲ့ပတ်သက်လို့ စဉ်းစားနေကြပါတယ်၊ ပြီးတော့ တချို့ဖျော်ဖြေသူတွေနဲ့ တိတ်တဆိတ် ဆွေနွေး မှုတွေလုပ်ခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ကြားမှာ ဂလင်းန်ရဲ့ တာဝန်တွေကို ဝေမျှယူဖို့ ဖြစ်နိုင်ချက်နဲ့ ပတ်သက်လို့ ဆွေနွေးနေပါတယ်” ဟု ပြောကြားခဲ့သည်။

‘Hotel California’ နှင့် ‘Take It Easy’ သီချင်းတို့အပါအဝင် ရောင်းအားအကောင်းဆုံး သီချင်းများကို သီဆိုခဲ့သည့် The Eagles အဖွဲ့အနေဖြင့် မကြာမီပြုလုပ်တော့မည့် ဖျော်ဖြေပွဲများမှ ပေါင် ၄ သန်းကျော် ရှာဖွေနိုင်လိမ့်မည်ဟု မျော်မှန်းထားသည်။  # Democracytoday