ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့ သမိုင်းဝင်ရွှေလက်ခုပ်စေတီပြုပြင်ရန် အလှူငွေနှင့် စုပေါင်းလုပ်အားလှူဒါန်း

 

ဝေါ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌဦးမောင်ယု၊ အတွင်းရေးမှူးဦးသက်တိုးဝင်း၊ မြို့နယ်ကော်မတီဝင် ဦးသောင်းထွန်း၊ ဦးဝင်းနိုင်တို့၏ဦးဆောင်မှုဖြင့် ဝေါမြို့ပေါ် (၆)ရပ်ကွက်မှ ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့ဒေသခံပြည်သူ ၂၅ဝ ကျော်ခန့်သည် ယမန်နေ့ နံနက် ၆ နာရီမှစတင်ကာ ဝေါမြို့နယ် သမိုင်းဝင်ရွှေလက်ခုပ်စေတီပြုပြင်ရန်အတွက် အလှူငွေနှင့် တစ်နေ့တာ ဘုရားစေတီတော်အောက်ခြေဝမ်းစာ ဂဝံကျောက်ထည့်ခြင်းလုပ်ငန်းများ တွင် စုပေါင်းလုပ်အားဒါနကုသိုလ်လှူဒါန်းခဲ့သည်။

ထို့နောက် ရွှေလက်ခုပ်ဆရာတော်နှင့် ရွှေလက်ခုပ်စေတီတော်ဘုရား ကော်မတီဥက္ကဋ္ဌဦးခင်ဝင်း၊ အတွင်းရေးမှူးဦးမျိုးမင်းတို့ထံသို့ စေတီတော် ပြုပြင်ရန်အတွက် အလှူငွေကျပ်နှစ်သိန်းအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယုနှင့်ကော်မတီဝင်များက လှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်မြတ်လင်း