ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်းစရာဟောပြောဆွေးနွေး

 

ပန်းတနော် ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့်လစဉ် ပုံမှန်အစည်းအဝေးနှင့် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ သိကောင်း စရာ ဟောပြောဆွေးနွေးမှု အခမ်း အနားကို ကျင်းပခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် တာဝန်ရှိသူ များက အမှာစကားများပြောကြား ခြင်း၊ ဥပဒေပညာရှင်များက၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ဧရာဝတီ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီနာယက ဥပဒေ ပညာရှင် ဦးဝင်းနိုင်ကျော်၊ ညောင် တုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဥပဒေပညာရှင် ဦးအောင်မြ သန်း၊ပန်းတနော်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးကျော်မင်းသန်း နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များစုစုပေါင်းအင်အား ၁၃ဝ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်ဖြိုး (ပန်းတနော်)