ဝမ်းတွင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဝမ်းတွင်း ဇန်နဝါရီ ၂၈

ဝမ်းတွင်းမြို့နယ် ထီးလှိုင်အုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းနှင့် ကော်မတီဝင်များ၊ ရုံးအဖွဲ့များ၊ ထီးလှိုင်ကျေးရွာပါတီဥက္ကဋ္ဌ ဦးမောင်ကြိုင်နှင့်ပါတီဝင်များ စုစုပေါင်းအင်အား ၅ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆိုင်းဘုတ်တင်အခမ်းအနားအပြီး ရေနွေးကြမ်းစကားဝိုင်းလည်း ကျင်းပခဲ့ကြောင်း သိရသည်။