တောင်ပေါက်အနောက်ရွာတွင် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

ကနီ စက်တင်ဘာ ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် တောင် ပေါက်ကျေးရွာအုပ်စု တောင် ပေါက်အနောက်ရွာ ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးဝင်းနေအိမ်၌ ပြည် ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ပါတီဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့များအား တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ကနီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်း၊ ပါတီ အတွင်းရေးမှူး ဒေါ်မာမာဦး(အမျိုး သမီးတာဝန်ခံ)နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌတို့က အမွှေးနံ့သာရည်များ ဖြင့်ပက်ဖျန်းပြီး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကိုကျင်းပခဲ့သည်။
ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကျန်ထွန်းနှင့် အတွင်းရေး မှူးဒေါ်မာမာဦး (အမျိုးသမီးတာ ဝန်ခံ)တို့က တက်ရောက်လာကြ သောပါတီဝင်အင်အား ၅ဝခန့်အား တွေ့ဆုံ၍ ပါတီ၏ရည်ရွယ်ချက် နှင့်ရှေ့လုပ်ငန်းစဉ်များကို ရှင်း လင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်ချီမြှင့်ပေးကြသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက်မိ ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူ များအား ပြည်ထောင်စုနေ့စဉ် သတင်းစာများဖြန့်ဝေပြီး နံနက် ၉ နာရီခွဲတွင် အခမ်းအနားပြီးစီးခဲ့ သည်။

အောင်မျိုးထွန်း(ကနီလူငယ်)