ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဣန္ဒြာရာမဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးနယ်မြေအတွင်းရှိဣန္ဒြာ ရာမဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်း ပါတီကော်မတီဝင် ဒေါက်တာ ကျော်စိုး မိသားစုက၊ မြို့နယ်ပါတီ ကော်မတီဝင်များနှင့်အတူ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းရာတွင် အလှူရှင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာကျော်စိုး (တိုင်းပါတီ ကော်မတီဝင် ရန်ကုန်တိုင်းဒေသ ကြီး) နယ်မြေတာဝန်ခံနှင့် ဇနီး ဒေါ်လဲ့လဲ့အေး (ဘဏ္ဍာရေးမှူး) ရန်ကုန်အရှေ့ပိုင်းခရိုင် ညီအစ်ကို မောင်နှမမိသားစုများက ဒဂုံမြို့ သစ်(အရှေ့ပိုင်း)မြို့နယ် မြို့နယ် ပါတီအတွင်းရေးမှူး ဦးလှမျိုးနှင့် ကော်မတီဝင်များ၊ နယ်မြေခံရပ် ကွက်ပါတီဝင်များနှင့်အတူ (၁၂၅) ရပ်ကွက်ရှိ ဣန္ဒြာရာမကျောင်း တိုက်သို့သွားရောက်ကာ ကျောင်း ထိုင်ဆရာတော် အရှင်ဣန္ဒကအား ဖူးမြော်ကြည်ညို၍ သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့သည်။ ထို့နောက် ဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်၍အနုမော ဒနာတရားများနာကြားကြသည်။
ဆက်လက်၍ ကွယ်လွန်သူ မိခင်ကြီးဒေါ်မြရင်အား ရည်စူး၍ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှအတန်းများပေးဝေကာ ကျောင်းတိုက်ရှိ ဆရာတော်၊သံဃာ တော်များနှင့် ကိုရင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုးမိုး(ဒဂုံအရှေ့)