ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောက်အိုးမြိုင်ကျေးရွာ အမကကျောင်းသို့ စာရေးကိရိယာနှင့်အာဟာရဒါန သွားရောက်လှူဒါန်း

 

ရွှေဘို စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ တည်ပင်ကျေးရွာ ကျောက်အိုးမြိုင်ကျေး ရွာ အမကကျောင်းတွင် ယမန်နေ့ နံနက် ၁၁နာရီက ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဇော်ဇော် နှင့်အဖွဲ့ကျောင်းသုံးစာရေးကိရိယာ အချိုရည်အာဟာရဒါနသွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါကျောင်းသို့ မြို့နယ် ပါတီဥက္ကဋ္ဌဦးဇော်ဇော်၊မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသိန်းနိုင်ဝင်း၊ တိုက်နယ်တာဝန်ခံ ဦးနိုင်ဦး၊ အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်ချောစု၊ မြို့နယ်ကော်မတီဝင်များ၊ မြို့နယ် လူငယ်ကော်မတီဝင်များ၊ ရပ်ကျေး ပါတီဝင်များက ကျောက်အိုးမြိုင် အမက ကျောင်းအုပ်ဆရာကြီးထံ သွားရောက်လှူဒါန်းခဲ့သည်။
ယင်းနောက် ကျောက်အိုးမြိုင် ကျေးရွာ ရပ်/ကျေးပါတီ ဥက္ကဋ္ဌ ဦးမောင်ဦးနေအိမ်တွင်မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်ဇော်ကပါတီဝင်များ နှင့်တွေ့ဆုံကာပါတီရှေ့လုပ်ငန်းစဉ် များကိုဆွေးနွေးတင်ပြခဲ့ရာအင်အား ၅ဝ ခန့် တက်ရောက်ကြောင်း သိရသည်။

မိုးစက်လုလင်