မကွေးတိုင်းကော်မတီဝင်များ မင်းဘူး(စကု) ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

မင်းဘူး သြဂုတ် ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မင်းဘူး ပြည်ခိုင်ဖြိုးရုံး၌ပြုလုပ်ရာ တိုင်းပါတီဥက္ကဋ္ဌနှင့်တကွ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်တွင်း မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်မြို့နယ်ကော်မတီ၊ အရန်ကော်မတီဝင် များတွေ့ဆုံကြ၍ ရက်သတ္တပတ်အတွင်း ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)