ရေကြီးမှုကြောင့် ရေတွင်းများရှိ ရေညစ်များအား စုပ်ထုတ်ရာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီဆောင်ရွက်
ဘီးလင်း၊ သြဂုတ် ၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ရေကြီးမှုများကြောင့် ရေတွင်းများအတွင်း ရေညစ်များ ဝင်ရောက်မှုကြောင့် ရေတွင်းများရှိရေများ စုပ်ထုပ်ရာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များနှင့်အတူ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းတို့ ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ ယမန်နေ့တွင် ဘီးလင်းမြို့ အမှတ် (၄) စာသင်ကျောင်းရှိ ရေတွင်းအားရေများ စုပ်ထုတ်ပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။ အဆိုပါစုပ်ထုပ်ရာတွင် စက် (၃) လုံးဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။
ဆက်လက်ပြီး ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီတွင် မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးမှ မြို့နယ်ကော်မတီဝင်များအား လက်တလော ရေကြီးလွှမ်းမိုးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် မိမိတို့ ပါတီအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လမ်းညွန်ခဲ့ကြောင်း သိရသည်။