ရပ်ကျေးပါတီဥက္ကဌတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်နှင့် ဟင်္သာတခရိုင်ပါတီဥက္ကဌ ဦးညွန့်လှိုင် ခရိုင်ပါတီကော်မတီဝင် ဦးအောင်ကြည်တို့ တက်ရောက်ခဲ့ပြီး အခမ်းအနားကို  အစီအစဉ် ၈ ရပ်ဖြင့်ကျင်းပခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ ဖွင့်လှစ်ကာရှေ့ဦးစွာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပါတီဥက္ကဌနှင့်ခရိုင်ပါတီကော်မတီဝင်တို့မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမျိုးမင်းထွဋ်မှ အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
အစီအစဉ်အရ တက်ရောက်လာသော ရပ်ကျး စည်းရုံးရေးမှူးများအား ရပ်ကျေးပါတီဥက္ကဌအဖြစ် ခန့်အပ်လွှာများကို သက်ဆိုင်ရာတိုက်နယ်တာဝန်ခံများမှ ပေးအပ်ခဲ့ပြီးကတိသစ္စာပြုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်မှ ကြံခင်းမြို့ရှိ သက်ကြီးရွယ်အို ဘိုးဘွားများ ဆေးကုသရေးလုပ်ငန်းအတွက် လစဉ် ၃၀၀၀၀ (သုံးသောင်းကျပ်) ထည့်ဝင်လှူဒါန်းသွား   မည်ကြောင်းနှင့် ယခုလမှစတင်ကာ အလှူငွေ ၃၀၀၀၀ ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ကော်မတီဝင်မှ လက်ခံရယူခဲ့ပြီး အခမ်းအနားကို ကြွေကြော်သံများဖြင့် ရုပ်သိမ်းခဲ့သည်။

အလင်းရောင်