ဘောလခဲမြို့နယ်၊ (၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဘောလခဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

 

ယနေ့ ၆-၁-၂၀၁၈ ရက်နေ့ ညနေ (၃း၀၀) နာရီအချိန်မှ (၃း၃၀) နာရီအချိန်အထိ ကယားပြည်နယ် ဘောလခဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်မှ ကြီးမှူးကျင်းပသော ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မိုင်းထမ်း ကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်းသို့နေရာယူပြီး ဘောလခဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က အဖွင့်အမှာစကား ပြောကြားသွား ပါသည်။

ဆက်လက်ပြီး ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်သူမှ အားကစားသမားများအား အားကစားစည်းမျဉ်းစည်းကမ်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားပါသည်။ ယင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ဘောလခဲ မြို့နယ်အတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘောလခဲခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအေးမောင်နှင့် ခရိုင်ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးရယ်နှင့် မြို့နယ်ကော်မတီဝင်များ၊ အားကစားဒိုင်အဖွဲ့နှင့် အားကစားသမားများ ပရိတ်သတ်များ စုစုပေါင်းအင်အား (၄၀၀) ခန့် တက်ရောက်ပါသည်။

ဘောလခဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖလား ဘောလုံးပြိုင် ဖွင့်ပွဲအခမ်းအနား ပြီးသည်နှင့် တစ်ပြိုင်နက် ညနေ (၃း၃၀) နာရီအချိန်တွင် ပထမဦးစွာ ပြည်ခိုင်ဖြိုးလူငယ်အသင်းနှင့် မိုင်းထမ်း (က) အသင်းတို့က စတင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နောက်ရက်တွင် မနက် (၉း၀၀) နာရီတွင် တစ်ချိန်နှင့် ညနေ (၃း၀၀) နာရီတွင် တစ်ချိန် တနေ့နှစ်ချိန် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး (၁၈-၁-၂၀၁၈) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပါကြောင်း ပွဲစဉ် စုစုပေါင်း (၁၂) သင်းဖြင့် ယှဉ်ပြိုင်ကစားပြီး ပထမဆုရရှိသော အသင်းအား ငွေကျပ် (၅) သိန်းနှင့် ဆုဖလား   ဒုတိယဆု ရရှိသောအသင်းအား ငွေကျပ် (၃) သိန်းနှင့် ဆုဖလား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပွဲစဉ်အတွင်း နေရာအလိုက်အကောင်းဆုံးအားကစား သမားဆု (၅) ဆုအား အသီးသီးထပ်မံချီးမြှင့်သွားမည် ဖြစ်ပါ ကြောင်းသိရှိရသည်။