နယ်စပ်ခြံစည်းရိုးကာရန်နှင့် ရခိုင်ပြည်နယ်အရေးအတွက် အလှူငွေကျပ်သိန်းလေးသောင်းကျော်ရရှိ

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် နေရပ်စွန့်ခွာတိမ်း ရှောင်နေရသည့် ဒေသခံပြည်သူများအား ထောက်ပံ့ကူညီရန်နှင့် နယ်စပ်ခြံစည်းရိုးကာရံရန်ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ကျင်းပခဲ့သည်။

လှူဒါန်းငွေ စုစုပေါင်းကျပ် သိန်းလေးသောင်းသုံးထောင် ခြောက်ရာကျပ် ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကထုတ်ပြန်သည်။ နယ်စပ်ခြံစည်းရိုးကာရံရန် အနာဂတ်အလင်း တန်းဖောင်ဒေးရှင်း တစ်ခုတည်းက ကျပ်၃၁,၆၉၅ သိန်း လှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့သည်။