တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းသည် တိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တိုင်းစီမံရေးရာ ပြည်/ရွှေတောင် တာဝန်ခံ ဦးမျိုးအောင်နှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းတို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ခရိုင် ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ် ပါတီကော်မတီဝင်များ၊ အမာခံကေဒါများနှင့် နိုဝင်ဘာ (၂၄) ရက် နံနက်က တွေ့ဆုံခဲ့ပြီး မွန်းလွဲ ၃ နာရီ ပြည်မြို့ရှိ မြို့နယ်ပါတီကော်မတီဝင်များ၊ ၆၉ အုပ်စု စည်းရုံးရေးမှူး၊ အမှုဆောင်များအား တစ်ဦးချင်း တွေ့ဆုံ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာ၌ မြို့နယ်အတွင်းရေးမှူးမှစ၍ တစ်ဦးချင်း ကဏ္ဍအလိုက်ရေးရာ များကို လုပ်ဆောင်ဆဲ၊ လုပ်ဆောင်ပြီး စီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များ အသီးသီးဆွေး နွေးတင်ပြခဲ့ကြပြီး ညနေ ၄ နာရီ ၅၅ မိနစ်တွင် တိုင်းဒေသကြီး ဥက္ကဋ္ဌကြီးက နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရဲထွဋ်(ပြည်)


Leave a Reply