ပခုက္ကူပြည်ခိုင်ဖြိုး လယ်မြေများတွင် မြေသြဇာနှင့် ပေါင်းသတ်ဆေးများကြဲပက်ရာတွင် ကူညီဆောင်ရွက်ပေး

pkk1

ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းထွန်း ဦးဆောင်၍  ပခုက္ကူမြို့နယ် ကွန်းရွာ အုပ်စုရှိ ရွှေတန့်တစ်မြစ်ရေတင်နယ်မြေ ကွန်းရွာအုပ်စုရှိ လယ်မြေ ကွင်း အမှတ် (၃၁၂)  ရှိ တောင်သူ ဦးညွန့်ဝေပိုင် လယ်မြေ မိုးစပါးစိုက်ဧက (၁၀)ဧကခန့်နှင့် ၎င်းကွင်းအမှတ် တောင်သူ ဦးလှမြင့်ပိုင် လယ်မြေမိုးစပါးဧက (၁၅)ဧကခန့်ရှိ စုစုစပေါင်း မိုးစပါစိုက်ဧက (၂၅) ဧကခန့်ကို ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ် သမားရေးရာကော်မတီ၏ ဆောင်ရွက်သော လုပ်ငန်းစီမံမှုအဖြစ် မိုးစပါးစိုက်ခင်းများအား အချိန်နှင့်တပြေးညီ ဓါတ်မြေသြဇာနှင့် ပေါင်းသတ်ဆေးများ ကြဲပက်ခြင်းလုပ်ငန်းကို အောက်တိုဘာ (၁၁) ရက် နံနက် (၈) နာရီ အချိန်က ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသိန်းထွန်း ဦးဆောင်၍  ပခုက္ကူမြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတိဝင်များ၊ ဒေသခံရပ်/ကျေး အုပ်စု စည်းမှူးများနှင့် ပါတီဝင်များမှ သွားရောက် ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ရွှေနွယ်ရိုး

 


Leave a Reply