ဓမ္မစကူးလ်သင်တန်းသားများကို စာအုပ်နှင့် စာရေးကိရိယာများလှူဒါန်း

damah-school

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းရပ်ကွက် ဓမ္မရက္ခိတဘုန်းတော် ကြီးကျောင်းတွင် ယခုလ ၈ ရက် နံနက် ၁ဝ နာရီခွဲက ဓမ္မစကူးလ် သင်တန်းသား သင်တန်းသူများအား မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ လူငယ်ရေးရာတာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ ပညာရေးရာ တာဝန်ခံ ဦးသူရထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မလွှကုန်းရပ်ကွက် ပါတီခေါင်းဆောင် ဒေါ်ဝင့်ဝင့်နွယ်နှင့် ရပ်ကွက်ပါတီ ခေါင်းဆောင်များက ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံ၊ ဘောလ်ပင်များ၊ စားစရာမုန့်များကို ဓမ္မကူးလ်သင်တန်းသား စုစုပေါင်း ၉၈ ဦးအား ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)


Leave a Reply