သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လပတ်အစည်းအဝေးကို ယနေ့ (စက်တင်ဘာလ ၂၀ ရက်) နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခမ်းမတွင် ကျင်းပရာ သုံးခွမြို့နယ် ပါတီနာယက ဒေါက်တာမြင့်သိန်း တက်ရောက်၍ အမှာ စကားပြောကြားခဲ့သည်။

3-kwa2

ထို့နောက် မြို့နယ်ပါတီဥက္ကဌဒေါ်ခင်မြတ်စုမှ ပါတီ၏လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း၊ ရပ်/ကျေးအဖွဲ့များမှ ပြန်လည်တင်ပြခြင်းနှင့် မြို့နယ်အဖွဲ့များက ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ကျေးရွာပေါင်း (၄၁) ရွာမှ ပါတီဝင်အင်အား (၅၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

# Yangon Regional Union Solidarity Development Party Campaign and Activities


Leave a Reply