လယ်ဝေးမြို့နယ်တွင် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စစ်တောင်းမြစ်အရှေ့ခြမ်း တောင်ပေါ် ကရင် တိုင်းရင်းသားများ နေထိုင်သည့် အောင်နန်းချိုကျေးရွာမှ အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်လှူဒါန်းမှုကို ယခုလ ၁၂ရက် နံနက် ၁ဝနာရီက အဆိုပါကျေးရွာတွင် ကျင်းပသည်။

1656315_130874017087734_1111659862_n

ကျောင်းသုံးဗလာစာအုပ်လှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ လယ်ဝေးမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် ကော်မတီဝင်များ၊ လယ်ဝေးမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးဇော်အောင်၊ ကျေးရွာရပ်မိ ရပ်ဖများ၊ ကျောင်းသားမိဘများ တက်ရောက်ကြပြီး လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသုံးဗလာစာအုပ် ၅၅ ဒါဇင် လှူဒါန်းပေးခဲ့သည်။

ဟိန်းအောင်(နေပြည်တော်)


Leave a Reply