ရွှေကျင်မြို့နယ်လုံးဆိုင်ရာ ၁၆၅ နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရွှေကျင်မြို့နယ်လုံးဆိုင်ရာ (၁၆၅)နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၇) ရက် နံနက် ၉ နာရီခွဲက ရွှေကျင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ယင်းအစည်းအဝေးသို့ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များတက်ရောက်ပြီး မြို့နယ်အုပ် ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အမှာစကားပြောကြားကာ ဦးစီး ကျင်းပရေးကော်မတီနှင့် လုပ်ငန်း ကော်မတီ ၁၈ ခုကို ဖွဲ့စည်း တာ ဝန်ပေးအပ်ကြသည်။
ရွှေကျင်မြို့နယ်လုံးဆိုင်ရာ (၁၆၅)နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၈ ရက်အထိ ရွှေကျင် မြို့ ဘုရားကြီးစေတီရင်ပြင် ခြင်္သေ့ ညီနောင်ရှေ့ရှိ ရွှေကျင်ချောင်း အတွင်းပြုလုပ်မည်ဖြစ်ပြီး ရွှေကျင် မြို့နယ်၏ ဒေသရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုလည်း ဖြစ်သည်။
အဆိုပါမီးမျှောပူဇော်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တက် ပျံယိမ်း၊ တက်ခုတ်ယိမ်း၊ ဒေသခံ တိုင်းရင်းသားတို့၏ရှမ်းရိုးရာယိမ်း နှင့် ကရင်ဒုံးယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)


Leave a Reply