ရွှေဘိုခရိုင်တွင်းရှိ အသက် ၁ဝဝနှင့်အထက် ဘိုးဘွားများအား ငွေကျပ်နှစ်သိန်းစီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ ရာဇသင်္ဂဟဖောင်ဒေးရှင်းက အသက် ၁ဝဝ နှင့်အထက် ဘိုးဘွားများအားလှူဒါန်းသော ငွေကျပ် နှစ်သိန်းစီကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ အဘိုးအဘွား (၁၁) ဦးအား ဖောင်ဒေးရှင်းကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ယမန်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အဘိုးအဘွားများထံသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးကော်မတီဝင် ဦးမြင့်တင်၊ ဦးအောင်ကိုစံ၊ ဦးသန်း ဝင်းထွန်း၊ ရွှေဘိုင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များက ကျေးရွာ အရောက် လှူဒါန်းကန်တော့ခဲ့ကြသည်။

စိမ်းနိုင်


Leave a Reply