ဒုတိယအကြိမ် ပါတီညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် မိုးညှင်းပြည်ခိုင်ဖြိုး ကျွန်းပင်များစိုက်ပျိုး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ လမ်းညွှန်စီမံမှုဖြင့် မိုးညှင်းမြို့နယ် လုံးကျွတ် ပါတီဝင်များက ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ဂုဏ်ပြုကြိုဆိုထောက်ခံပွဲများ နယ်မြေဒေသ အလိုက် သြဂုတ်လ (၁၉) ရက်နေ့မှ သြဂုတ်လ (၂၁) ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြသည်။

14022279_131065794007837_1068004174543225925_n

သြဂုတ်လ (၂၁) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က ရပ်မိရပ်ဖ ဦးကြည်လင်၊ ခရိုင်ပါတီကော်မတီဝင် ဦးဖိုးထောင်၊ မြို့နယ် ပါတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ အင်းတော်ကြီးဒေသတာဝန်ခံ ဦးမောင်မောင်၊ ဒေါ်အိအိမိုး နှင့် လူငယ်ကေဒါ ဦးရန်အောင်ဝင်း၊ ဦးပေါ်ထင်၊ ဦးမောင်တူး၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင် စုစုပေါင်း ၇၀ ကျော်မှ ကျွန်းပင် အပင်ရေ (၁၀၀) ကျော်ကို အင်းတော်ကြီးဒေသ ဆနွင်းကုန်းကျေးရွာ ကျေးရွာပိုင်မြေတွင် စိုက်ပျိုးခဲ့ကြောင်း သတင်းရှိသည်။

Credit – မိုးဝါ၀ါ


Leave a Reply