ပေါ့ဂ်ဘာကို ခေါ်ယူခြင်းကြောင့် မန်ယူ ပေါင် ၂၁၆ သန်းကုန်ကျမည်

ဂျူဗင်တပ်မှ ပြင်သစ် ကွင်းလယ်လူ ပေါ့ဂ်ဘာသည် မန်ယူအသင်းသို့ ပြောင်းရွှေ့တော့ မည့်အချိန်တွင် ၎င်းအတွက် ကုန်ကျစရိတ် စုစုပေါင်း ပေါင် ၂၁၆ သန်း ရှိလာမည်ဖြစ်ကြောင်း Goal သတင်းဝက်ဘ်ဆိုက်က တွက်ချက်ဖော်ပြသည်။

Pogba

ပေါ့ဂ်ဘာ (၂၃) နှစ်သည် မန်ယူနှင့် စာချုပ်သက်တမ်းကုန် ဆုံးချိန် ၂၀၁၂ က ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က  မန်ယူက နစ်နာကြေးအနည်းငယ်သာရ ရှိခဲ့ပြီးနောက် ယခုတစ်ဖန်ကမ္ဘာ့စံ ချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည် ခေါ်ယူခြင်းဖြစ်သည်။

စာချုပ်အပြီးသတ်ချုပ်ဆို ပြီးပါက မန်ယူသည် ပေါ့ဂ်ဘာ၏ ပြောင်းရွှေ့မှုအတွက် ပေါင် ၉၂ သန်းပေးရမည်ဖြစ်ပြီး ယင်းမှာ ၂၀၁၃ က ဂါရတ်ဘေးလ်ရီးရဲလ်သို့ ပေါင် ၈၆ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းထက် များစွာပိုများနေသည်။ ထို့အပြင် ပေါ့ဂ်ဘာ၏ အေးဂျင့်အတွက် မန်ယူက ပေါင်သန်း ၂၀ ပေးချေရမည်ဖြစ်သောကြောင့် အားလုံးပေါင်း ၁၁၂ သန်း ကုန်ကျမည်ဖြစ်သည်။

ထို့အပြင် မန်ယူက ဂျူဗင်တပ်တွင် လစာပေါင် လေးသန်းသာရရှိခဲ့သော ပေါ့ဂ်ဘာအတွက် တစ်လလျှင် ပေါင် လေးသိန်းပေးရမည်ဖြစ်ခြင်းကြောင့် ပေါ့ဂ်ဘာသည် ကုန်ကျစရိတ်များနုတ်ပြီး ပေါင် ၂၂၀,၀၀၀ ရရှိမည်ဖြစ်ရာ မန်ယူအတွက် တစ်ရာသီလျှင် ပေါင် ၂၀ ဒသမ ၈ သန်းကုန်ကျမည်ဖြစ်သည်။

ပေါ့ဂ်ဘာကို ငါးနှစ်စာချုပ် ချုပ်ဆိုပြီးပါက မန်ယူအတွက် စုစုပေါင်း ပေါင် ၁၀၄ သန်းပေးရမည်ဖြစ်၍ ပေါ့ဂ်ဘာအတွက် စုစုပေါင်းကုန်ကျစရိတ် ပေါင် ၂၁၆ သန်း ရှိလာမည်ဖြစ်သည်။

ပေါ့ဂ်ဘာသည် မန်ယူမှ ထွက်ခွာခဲ့ပြီးနောက် ဂျူဗင်တပ်တွင် အီတလီစီးရီးအေဖလား လေးကြိမ်ရရှိခဲ့ကာ မန်ယူက ကြေးအကြီးဆုံးဖြင့် ခေါ်ယူသော ကမ္ဘာ့လစာ အကောင်းဆုံး ကစားသမားများအနက် တစ်ဦးဖြစ်လာမည် ဖြစ်သည်။

 —Ref:Goal


Leave a Reply