ရော်ဂျာဖလားမှာ ဂျိုကိုဗစ် အနိုင်ရဗိုလ်စွဲ

16565146498

တိုရွန်တိုမှာ ပြုလုပ်ခဲ့တဲ့ ရော်ဂျာဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်က ပြိုင်ဘက် နီရှီကိုရီကို အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ ၆-၃၊ ၇-၅ ပွဲငယ်တွေနဲ့ ဂျိုကိုဗစ်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုကိုဗစ်အတွက် ဒီနှစ်အတွင်း ခုနှစ်ခုမြောက် ဖလားလည်း ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်က လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ဝင်ဘယ်ဒန်ပြိင်ပွဲမှာ ဆမ်ကွာရေးကို ရှုံးပြီး ပြိုင်ပွဲက စောစောစီးစီး ထွက်ခဲ့ရ ပေမယ့် ဒီတစ်ခေါက်မှာတော့ အောင်မြင်မှု ပြန်ယူနိုင်ခဲ့ပါတယ်။

မကြာခင် ကျင်းပတော့မယ့် ရီယိုအိုလံပစ် ပြိုင်ပွဲအတွက်လည်း ဆာဘီးယားကို ကိုယ်စားပြုပြီး ဂျိုကိုဗစ်က ယှဉ်ပြိုင် ရဦးမှာပါ။ ” တစ်ဦးချင်းပြိုင်ပွဲမှာရော နှစ်ယောက်တွဲ ပြိုင်ပွဲကိုပါ ကျွန်တော်ပြိုင်မှာပါ။ အနည်းဆုံး ဆုတံဆိပ် တစ်ခုရဖို့ မျှော်လင့်ပါတယ်” လို့ ဂျိုကိုဗစ်က ပြောပါတယ်။

(BBC)


Leave a Reply