ဧရာဝတီမြစ်ရေဝင်ရောက်သည့် စဥ့်ကူးမြို့နယ်အတွင်းမှ ကျေးရွာ ၇၂ ရွာသို့ပြည်ခိုင်ဖြိုးပါတီမှ ရေသန့်စက် ၇၂ လုံးလှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင် ရောက်ရှိသည့် စဥ့်ကူးမြို့နယ် အတွင်းမှ ကျေးရွာ ၇၂ ရွာနေ ပြည်သူများ သန့်ရှင်းသောသောက် သုံးရေရှိအတွက် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပါတီမှ ငွေကျပ်သိန်း ၂ဝခန့်တန်ဖိုး ရှိ သြစတြေးလျနိုင်ငံထုတ်ရေသန့် စက် ၇၂လုံးကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီခွဲနှင့် မွန်းတည့် ၁၂ နာရီတို့တွင် ရွှေလှေကျေးရွာနှင့် ထုံးကြီးကျေးရွာတို့မှ ရွာဦးဘုန်း တော်ကြီးကျောင်းများတွင် ပေးအပ် လှူဒါန်းခဲ့သည်။

ရေသန့်စက် ပေးအပ်လှူဒါန်း ပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးဦးဝင်းမောင်၊ တိုင်း ပါတီကော်မတီဝင် ဦးအောင်ဌေး ကျော်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်း ကြည်နှင့် ခရိုင်ပါတီကော်မတီဝင် များ၊ စဥ့်ကူးမြို့နယ်ဥက္ကဋ္ဌ ဦးခင် မောင်ဝင်းနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ဒေသခံများစုစုပေါင်း အင်အား ၅ဝ ခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
ရေသန့်လှူဒါန်းပွဲတွင် တိုင်း ဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်ကနှုတ်ခွန်းဆက်အမှာ စကားပြောကြားပြီး မြို့နယ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ရေသန့်စက် အသုံးပြုပုံနှင့်ပတ်သက်၍ ဒေသခံ များအားရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးပါတီက ပေးအပ်လှူဒါန်းသည့် ရေသန့်စက် များအားအသုံးပြုမည့် ဒေသခံများ အား မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးရဲမြင့်ကိုယ်စား တိုင်းဒေသကြီး ပါတီအတွင်းရေး မှူးဦးဝင်းမောင်နှင့်အဖွဲ့ဝင်များက အသီးသီးပေးအပ်လှူဒါန်းခဲ့သည်။

စဥ့်ကူးမြို့နယ်အတွင်းရှိ ပြည် ခိုင်ဖြိုးပါတီက လှူဒါန်းခဲ့သော ကျေးရွာများမှာ ရွှေလှေ၊ ထုံးကြီး၊ ပြ၊ငပြင်း၊အင်း၊ချောင်းဝ၊ဆည်ကြီး၊ ရေချမ်း၊ရေတော်၊ရွှေဒုန်း၊ညောင်ပင်၊ ဆင်သေအစရှိသည့်ကျေးရွာပေါင်း ၇၂ ရွာတို့ဖြစ်ကြပြီး မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီကပေး အပ်လှူဒါန်းခဲ့သည့် ရေသန့်စက် များသည်သြစတြေးလျနိုင်ငံမှထုတ် လုပ်ပြီး တန်ဖိုးအားဖြင့် ရေသန့် စက်တစ်လုံးလျှင် မြန်မာကျပ်ငွေ သိန်း ၂ဝခန့်တန်ဖိုးရှိပြီး အဆိုပါ စက်များမှာ ချောင်းရေ၊မြောင်းရေ နှင့်မြစ်ရေအစရှိသော ရေအမျိုးမျိုး တို့အား စ့၇ ရေသန့်အဆင့်ရသည် အထိအသုံးပြုနိုင်သည်။ပြည်ခိုင်ဖြိုး ပါတီမှ ကျေးရွာ ၇၂ ရွာတွင် လှူဒါန်းခဲ့သည့် ရေသန့်စက် ၇၂ လုံးတန်ဖိုးမှာ ကျပ်သိန်း ၁၄၄ဝ ခန့်တန်ဖိုးရှိကြောင်း သိရသည်။

သုတ


Leave a Reply