နေတိုးအဖွဲ့လေတပ်အခြေစိုက်စခန်းကို တူရကီရဲတပ်ဖွဲ့ ခေတ္တပိတ်ခဲ့

13920375_1066381640121389_5651004808792241653_o

အန်ကာရာ သြဂုတ် ၁

အာဏာသိမ်းယူရန် ကြိုးပမ်းမှုအသစ်တစ်ရပ် ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေရေးအတွက် ကာကွယ်တားဆီးသည့် အနေဖြင့် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ အင်ဆာလစ်လေတပ် အခြေစိုက်စခန်းကို ဇူလိုင် ၃၁ ရက် တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ဝင်များက ခေတ္တပိတ်ထားလိုက်ကြောင်း ဟာရီယက် နေ့စဉ်သတင်းစာက ရေးသားဖော်ပြသည်။

အင်ဆာလစ်လေတပ် အခြေစိုက်စခန်းကို ခေတ္တပိတ်ထားမှုမှာ နှစ်နာရီခွဲမျှ အချိန်ကြာမြင့်ခဲ့သည်။ အစ္စလာမ္မစ် ဘာသာရေးခေါင်းဆောင် ဖာပူလာဂူလန်အား ထောက်ခံသူများက ယင်းလေတပ်အခြေစိုက်စခန်းကို အသုံးပြုကာ အာဏာသိမ်းရန်ကြိုးပမ်းမှု ပြုလုပ်ဖွယ်ရှိ သည်ဟု ယင်းနေ့အစောပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။

အင်ဆာလစ်လေတပ် အခြေစိုက်စခန်းကို အမေရိကန် ဦးဆောင်သောညွန့်ပေါင်းအဖွဲ့က အသုံးပြုနေပြီး အီရတ် နှင့် ဆီးရီးယားနိုင်ငံတွင်းရှိ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့(အိုင်အက်စ်)အုပ်စုကို လေကြောင်းမှ စစ်ဆင် တိုက်ခိုက်နေသည့်လေယာဉ်များ ထားရှိသည်။

တူရကီထောက်လှမ်းရေးအဖွဲ့သည် မိမိ၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး စစ်ဘက်တပ်မှူးများသည် တူရကီ ကာကွယ်ရေးဝန်ကြီးထံ သတင်းပို့ရမည်ဟု သမ္မတရီဆက်တေရစ်အာဒိုဂန်က ဇူလိုင် ၃ဝ ရက် တွင် ထုတ်ပြန် ကြေညာခဲ့သည်။

လွန်ခဲ့သည့်လက မအောင်မြင်သည့်အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် တူရကီစစ်ဘက်အား အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိရန် ရည်ရွယ်ချက် ဖြင့် ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သမ္မတ အာဒိုဂန်က အေတီဗီနှင့် ဆဟာဘာရုပ်သံလိုင်းတို့နှင့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားသည်။

ဆင်ဟွာ။


Leave a Reply