ဆောင်းဂျုံကီနှင့်ပတ်သက်သည့် အချစ်ရေးသတင်းအား မဟုတ်မှန်ကြောင်းငြင်းဆိုလိုက်သည့်ဆောင်းဟေဂျို


အာရှတစ်လွှား အလွန်လွှမ်း မိုး ကျော်ကြားခဲ့သည့် Descendants of The Sun ဇာတ်ကားမှ အဓိကဇာတ်ဆောင်များဖြစ်သည့် မင်းသားဆောင်းဂျုံကီနှင့် မင်း သမီးဆောင်းဟေဂျိုတို့၏ အချစ် ဇာတ်လမ်းကို ပရိသတ်များက အထူးစိတ်ဝင်စားနေလျက်ရှိပြီး ၄င်းတို့နှစ်ဦးအား ချစ်သူများအဖြစ် မျှော်လင့်နေသည်မှာ အားလုံး သိရှိပြီးဖြစ်သည်။ တကယ့် လက် တွေ့ဘဝတွင်လည်း မင်းသမီး ဆောင်းဟေဂျိုသည် သူမအတွက် အမျိုးသားတစ်ဦးကို ရှာဖွေကောင်း ရှာဖွေနေမည်ဟုလည်း မျှော်လင့်ရ သည်။ သို့သော်လည်း မင်းသမီး ဆောင်းဟေဂျိုသည် မင်းသားဆောင်း ဂျုံကီနှင့်အချစ်ရေးအကြောင်း ထွက်ပေါ်နေသည့်သတင်းများကို မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက် သည်ဟု သိရသည်။
ချစ်စရာကောင်းသူအဖြစ် ကျော်ကြားနေသည့် မင်းသား ဆောင်းဂျုံကီအား ဆောင်းဟေဂျို ကလည်းလူချောတစ်ယောက်ဖြစ် သည်ဟု ဝန်ခံခဲ့သည့်စကားက တစ်ကိုယ်တည်းရပ်တည်နေသည့် သူမအတွက် သို့လောသို့လောထင် စရာများ ဖြစ်လာခဲ့ရခြင်းဖြစ် သည်။ သို့သော် သူမကငယ်စဉ်က တည်းက သူမ၏ချစ်သူဖြစ်မည့်သူ ကိုယောက်ျားပီသခန့်ညားသည့်သူ ဖြစ်ရမည်ဟု စိတ်ကူးယဉ်ထား ကြောင်းပြောကြားခဲ့သည့်အတွက် သူမသည်ဟောလိဝုဒ်တွင်ပါနာမည် ကျော်ကြားသည့် တောင်ကိုရီးယား နာမည်ကျော်ယောက်ျားပီသခန့်ညား သည့်မင်းသားလီဗြောင်ဟွန်းနှင့် ချစ်သူဖြစ်ဖူးသည်က သာဓကဖြစ် နေသည်။ သူမသည်အချစ်ရေး ထက် အလုပ်ပေါ်တွင် အလွန်အာရုံ စိုက်သူဖြစ်သည်ဟူသောစွပ်စွဲချက် ဖြင့် လီဗြောင်ဟွန်းကလမ်းခွဲခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် သူမကယခုအချိန်တွင် သူမ၏ သဘောထားအမြင်များ သည်များစွာပြောင်းလဲလာပြီဖြစ် သော်လည်း အလုပ်တာဝန်များ ဖိစီး လွန်းသည့်သူမအတွက် ဖိစီးမှုများ ခံစားရတိုင်း ရင်ဖွင့်တိုင်ပင်နိုင်မည့် အားကိုးနိုင်မည့် ချစ်သူမျိုးကိုသာ မျှော်လင့်ကြောင်း ဖွင့်ဟပြောခဲ့သည် အတွက် ကလေးတစ်ဦးကဲ့သို့ ချစ် စရာကောင်းလွန်းသည့် မင်းသား ဆောင်းဂျုံကီကို သူမအနေဖြင့် ချစ်သူအဖြစ် ရွေးချယ်လိမ့်မည် မဟုတ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း၌လည်း ဆောင်းဟေဂျို အနေဖြင့် အမေရိကန်နိုင်ငံ နယူး ယောက်မြို့၌ အမေရိကန်ဒေါ်လာ ၈၆၇ဝ၅ဝ တန်ဖိုးရှိ ဇိမ်ခံကွန်ဒို တစ်ခန်း ဝယ်ယူခဲ့သည့်အတွက် လည်း လက်ထပ်တော့မည်ဟူသည့် သတင်းများထွက်ပေါ်ခဲ့သေးသည်။ လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားသစ် များ ရိုက်ကူးခြင်းမရှိသေးဘဲ ဆောင်းဂျုံကီကမူ ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာကို လက်ခံရိုက်ကူး လျက်ရှိကြောင်းသိရသည်။

လရောင်လင်း


Leave a Reply