ရှမ်းပြည်နယ် (မြောက်ပိုင်း) ပါတီမျက်နှာစုံညီ အစည်းအဝေးအကြို ညှိနှိုင်း စည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး အကြိုညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၈) ရက် နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ရာ နယ်မြေ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ဆွေ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် က ပါတီ ပြန်လည်ဖွဲ့စည်းရာတွင် ပြည်သူရော ပါတီကပါ ကြိုက်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် မိမိတို့ ပါတီက အောင်နိုင်မည်ဟု ထင်မြင်မိပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီများမှ ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

USDP Shan-North


Leave a Reply