ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ၂နာရီခွဲက မြို့ပေါ်ရှိဘုရားအမှူးရှိသောသံဃာတော်များအား ပင့်ဆောင်၍ မြို့နယ် ပါတီကော်မတီဝင်များက(၁၃)ကြိမ် မြောက်ဝါဆိုသင်္ကန်းကပ်လှူပူဇော် ပွဲအခမ်းအနား ကျင်းပသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲတွင် အခမ်းအနားသို့ တက် ရောက်လာသော မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဦး၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ရပ်ကွက်၊ ကျေးရွာ ပါတီဝင်များသည် ကြွရောက်လာ သော ပင့်သံဃာတော်အရှင်သူမြတ်တို့ထံ သီလခံယူဆောက်တည်ကြ ပြီးဆရာတော်ကြီးများက အန္တရာယ် ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ကြသည်။

ထို့နောက် ဆရာတော်ကြီးများ ထံ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမြတ် သူ၊ အတွင်းရေးမှူး ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်ပူဇော်ကန် တော့ကြပြီး ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး ဒေါက်တာအရှင် နရပတိထံ ရေစက်ချအမျှပေးဝေ ကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)


Leave a Reply