တနိုင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ ပြန်လည်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီကော်မတီဝင်များ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်က စတင်ဆောင်ရွက်ခဲ့ရာ ခရိုင်ကော်မတီဝင် ဦးကေဆန်အောင်မှ မြို့နယ်ကော်မတီဝင်များအား ကြိုဆိုကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန်နှင့် ပါတီစည်းမျဉ်းစည်းကမ်း အတိုင်း တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကိုမှ စည်းရုံးရေးနယ်မြေဂွင်များနှင့် ဌာနလုပ်ငန်းခွဲဝေထားမှုနှင့် စည်းရုံးရေးနယ်မြေအလိုက် ခွဲဝေထားမှု အခြေ အနေများအား ချပြခဲ့ပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးဘောမ်ဆောင်မှ F17 ငွေလွဲကိစ္စနှင့် ဘဏ်စာအုပ်ကိစ္စများ၊ နာမည်အလွဲအပြောင်း ပြုလုပ်ရန် တင်ပြ ကာ မြို့နယ်ကော်မတီဝင် တစ်ဦးချင်းမှ ပါဝင်ဆွေးနွေးတင်ပြခဲ့ကြသည်။

အစည်းအဝေးသို့ ခရိုင်ကော်မတီဝင် ဦးကေဆန်အောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကို၊ အတွင်းရေးမှူး ဦးဘောမ်ဆောင်၊ ဘဏ္ဍာရေးမှူး ဦးအောင်လင်းနှင့် မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဦးသန်းမောင်၊ ဒေါ်ဂျာအောင်၊ ဦးကျော်ကျော်ခိုင်၊ ဦးကွမ်နင်ဇော်အောင်၊ ဦးဆငိုင်ဒန်ခေါင်၊ မြို့နယ်အရန် ကော်မတီဝင်များ ဖြစ်ကြသော ဦးအောင်ကျော်ဦး၊ ဦးအောင်လီ တို့ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။


Leave a Reply