ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီ မျက်နှာစုံညီစည်းဝေး ခရိုင်ကော်မတီဝင်အသစ်များရွေးချယ်

ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ကော်မတီအသစ်ရွေးချယ်ပွဲ ကို အလုံမြို့နယ်ရှိ အနောက်ပိုင်း ခရိုင် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ဇူလိုင်လ (၂၂) ရက် နံနက် ၁ဝ နာရီကကျင်းပရာ ပါတီ ဗဟိုကော်မတီဝင်များဖြစ်သော ဦးနန္ဒကျော်စွာ၊ ဦးခင်မောင်စိုး၊ ဦးတင်ဝင်း၊ ဦးတင်အောင်နှင့် ဦးသာဝင်း (ရန်ကုန်တိုင်း ဒေသကြီး အတွင်းရေးမှူး)တို့ တက်ရောက်ကြသည်။

အခမ်းအနားကို ပထမပိုင်း၊ ဒုတိယပိုင်း နှစ်ပိုင်းခွဲ၍ကျင်းပရာ ပထမပိုင်းသဘာပတိအဖြစ် ဦးနန္ဒ ကျော်စွာ၊ အဖွဲ့ဝင်ဒေါက်တာပွင့် ဆန်း(ဗဟိုကော်မတီဝင်)၊ဒေါ်သင်းသင်းမိုး(တိုင်းဒေသကြီးကော်မတီဝင်)၊ ဦးမင်းသိန်း၊ ဦးတင်ဝင်း(တိုင်းဒေသ ကြီးပြင်ဆင်ရေး ကော်မတီဝင်)၊ဦးမြင့် သန်း(တိုင်းဒေသကြီး ပြင်ဆင်ရေး ကော်မတီဝင်)တို့က ဆောင်ရွက်ပြီး သဘာပတိ ဦးနန္ဒကျော်စွာက အမှာစကား ပြောကြားရာတွင် ”မူဝါဒအရဆောင်ရွက်စရာရှိတာ ဆောင်ရွက်သွားမယ်။ နေရာရမှ လုပ်မည်မဟုတ်၊ ကျရာတာဝန်ကို ထမ်းဆောင်ကြရမှာ ဖြစ်တယ်။ဒီနေ့ လုပ်နေသူတွေဟာ ရှေ့ကလူတွေ လုပ်သွားတာကို ဆက်လုပ်နေတာ ဖြစ်တယ်” ဟု ပြောကြားသည်။

ထို့နောက် ပညာရေး၊ အား ကစားထူးချွန်သူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြ သည်။

ထို့နောက် ခရိုင်အစီရင်ခံစာကို ဦးနေဝင်း(အနောက်ပိုင်းခရိုင်အတွင်းရေးမှူး)က ဖတ်ကြား တင်ပြသည်။ မြို့နယ် ကော်မတီဝင်ငါးဦးတို့က စာတမ်းများ ဖတ်ကြားသည်။ ပြီး နောက် ခရိုင်ကော်မတီဝင် ဦးမြင့် ဆောင်ကခရိုင်စာတမ်းများကို ရှင်း လင်းဖတ်ကြားသည်။ ပြီးနောက် ကော်မတီဝင်အဟောင်းများ နုတ် ထွက်ကြောင်း ကြေညာသည်။

ဆက်လက်၍ ဒုတိယပိုင်းကို ကျင်းပရာခရိုင်ကော်မတီဝင်အသစ် များ၊ အရန်ကော်မတီဝင် အသစ် များရွေးချယ်ရာတွင် သဘာပတိ အဖြစ် တိုင်းဒေသကြီးရွေးချယ် ရေးကော်မတီဝင် ဦးတင်ဝင်းက ဆောင်ရွက်ပြီး မဲစနစ်ဖြင့်ရွေးချယ် ရာ ခရိုင်ဥက္ကဋ္ဌဦးနေဝင်း၊ အတွင်း ရေးမှူး ဦးမြင့်ဆောင်၊ဘဏ္ဍာရေး မှူး ဦးမိုးဝင်းကျော်တို့ကို ရွေးချယ် ခံရပြီး အခမ်းအနားသို့ ၁၃ မြို့နယ် မှမဲပေးခွင့်ရရှိသူများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံအမျိုးသမီးရေး ရာအဖွဲ့ဝင်တို့တက်ရောက်ပြီး ခရိုင် ပါတီလုပ်ငန်းများ ရှေ့ဆက်လုပ် ဆောင်ရန် အလှူရှင်ဦးမြင့်စိုးထွန်း က အလှူငွေကျပ်နှစ်သိန်းလှူဒါန်း ပြီး အင်အား ၈ဝ ကျော်တက် ရောက်ကြကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)


Leave a Reply