ကာလတိုအတွင်း ပျောက်ကင်းနိုင်မည့် စီပိုးရောဂါကုဆေးများ FDA ခွင့်ပြုချက်ဖြင့် တင်သွင်းမည်

အသည်းရောင်အသား ၀ါ စီပိုးရောဂါအတွက် ကာလတိုအတွင်း ပျောက်ကင်းနိုင်မည့် စီပိုး သောက်ဆေးများကို FDA ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းရောင်းချ မည် ဖြစ်ကြောင်း Golden Hawks International ကုမ္ပဏီမှ သတင်း ရရှိသည်။

စီပိုး ရောဂါကုသဆေးများ ဖြစ်သော စော့ဂျင် (Sofgen), လီစော့ (Lisof) နှင့် ဗိုင်းဒက် (Virdac) စသော သောက်ဆေး သုံးမျိုးကို FDA ၏ ခွင့်ပြုချက်ဖြင့်  အိန္ဒိယနိုင်ငံမှ တင်သွင်းကာ မြန် မာနိုင်ငံတွင် စတင်ဖြန့်ဖြူးရောင်း ချမည်ဟု Golden Hawks Inte- rnational ကုမ္ပဏီမှ စီးပွားရေး ဖွံ့ဖြိုးမှုတာဝန်ခံမန်နေဂျာ ဒေါက် တာဝင်းလွင် (ဆေးဝါးဌာန)က ပြောကြားသည်။

‘‘စော့ဂျင်နဲ့ လီစော့ကတော့ ဈေးကွက်ထဲမှာ ရနေပါပြီ။နောက် တစ်မျိုးဖြစ်တဲ့ ဗိုင်းဒက်ကတော့ နောက်လမှ ဈေးကွက်ထဲရောက် မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တင်သွင်းတဲ့ အိန္ဒိယကုမ္ပဏီက လည်း ယူအက်ဖ်အေ FDA ရဲ့ ခွင့် ပြုချက်ရထားပြီးတဲ့ ကုမ္ပဏီဖြစ် သလို ကျွန်တော်တို့အနေနဲ့လည်း မြန်မာနိုင်ငံ FDA ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ တင်သွင်းတာပါ’’ဟု ၎င်းကပြောသည်။

       စော့ဂျင်စီပိုးရောဂါကုသောက်ဆေးမှာ ဆေးအလုံးရေ ၂၈ လုံးပါတစ်ဘူးလျှင် ကျပ်နှစ်သိန်းရှစ်သောင်းနှင့် တစ်နေ့ တစ်လုံးနှုန်းဖြင့် စုစုပေါင်း သုံးဘူး (သုံးလ) သောက် သုံးရမည်ဖြစ်သည်။ လီစော့စီပိုး ရောဂါကုသောက်ဆေးသည် ဆေးနှစ်မျိုးပေါင်းစပ်ထားပြီး ဆေးအလုံးရေ ၂၈ လုံးပါတစ်ဘူးလျှင် ကျပ်လေးသိန်းခွဲဖြစ်သည်။ ယင်းဆေးများကိုဆရာဝန်ဆေးစာဖြင့် ရန်ကုန်နှင့်မန္တလေးမြို့တို့ရှိ ဆေးဆိုင်ကြီးများနှင့် ပုဂ္ဂလိကဆေးရုံများတွင် ၀ယ်ယူနိုင်သည်။

အဆိုပါဆေးများသည်မြန်မာ နိုင်ငံတွင် အဖြစ်များသည့် အ သည်းရောင်စီပိုးအမျိုးအစား(၁)၊ (၃)နှင့်(၆)တို့ကို ပျောက်ကင်းစေ နိုင်၍ ဘေးထွက်ဆိုးကျိုးနည်းပါး စေပြီး စီပိုးအမျိုးအစားများအပေါ် မူတည်ကာ အချိန်သုံးလမှ ခြောက်လအထိ ကာလတိုကုသရုံ ဖြင့် ၉၅ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ ပျောက်ကင်းနိုင် ကြောင်း အသည်းရောဂါကုဆရာ ၀န်ကြီးအချို့က ပြောသည်။

‘‘အရင်က စီပိုးကိုသိန်းတစ် ရာကနေ တစ်ရာ့ငါးဆယ်အတွင်း အကုန်အကျခံပြီးကုရတယ်။တစ် ပတ်တစ်ကြိမ် ဆေးထိုးရတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးခံစား ရပြီး ပျောက်ကင်းမှုကလည်း ၅၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒီ ဆေးသုံးမျိုးကတော့ ဘေးထွက် ဆိုးကျိုးမရှိသလောက် နည်း တယ်။ ကာလတိုပဲ ကုရတယ်။ စီပိုးကို ကုသဖို့ဆေးတွေလည်းရှိ နေပြီ။ သောက်ဆေးသောက်ရုံနဲ့ အ ချိန်တိုအတွင်း ပျောက်ကင်းနိုင် တော့မှာပါ’’ ဟု မြောက်ဥက္ကလာ ပဆေးရုံကြီး အသည်းပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ၀င်းဝင်းဆွေကပြောသည်။

စီပိုးရောဂါသည် သွေးမှ တစ်ဆင့် ကူးစက်သည့်ရောဂါဖြစ် သည်။ အခြားရောဂါလက္ခဏာ များနှင့်ဆင်တူပြီး ခန့်မှန်းရခက် ခြင်းကြောင့် လူတိုင်းစီပိုးရှိ၊မရှိ စစ်ဆေးသင့်ကြောင်း၊ စီပိုးရှိပါက စီပိုးအမျိုးအစား ထပ်မံစစ်ဆေး၍ ကုသသင့်ကြောင်း သို့မှသာ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အ သည်းခြောက်ရောဂါကိုကာကွယ်  နိုင်မည်ဖြစ်ကြောင်း အသည်းရော ဂါကု ဆရာဝန်ကြီးအချို့က တိုက်တွန်းသည်။

ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) နှင့် အသည်းဖောင်ဒေးရှင်းတို့ ပူး ပေါင်း၍ ၂၀၁၅ မေလမှ အောက် တိုဘာအထိ တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ မြို့နယ်ပေါင်း ၁၈ နေရာ ၏ လူဦးရေ ငါးထောင်ကျော်ကို ဘီပိုး၊ စီပိုး ရောဂါဖြစ်ပွားနှုန်း စစ် တမ်းကောက်ယူရာ၌ စီပိုးဖြစ်ပွား နှုန်းမှာ ၂ ဒသမ ၆ ရာခိုင်နှုန်း ရှိ ကြောင်း သိရသည်။

7 Day Daily


Leave a Reply