အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ်အ္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲ ကြပ်မတ်လျက်ရှိသည်။ 

ဈေးကွက်ရှိ ဆေးဝါးများကို ပုံမှန် စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဘူးပေါ်တွင် ဖော်ပြချက်အရ Chengdu Emei Pharmaceutica Co., Ltd. Sichuan, China ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Griseofulvin Tablets 125mg ဆေးဝါးသည် ဆေးဝါးအတု(အတု) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ 


ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာ ကုန်ကျသည့် အပြင် မိမိတို့ခံစားနေရသော ရောဂါများ ပျောက်ကင်းခြင်း (လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေ ခံစားရမည် ဖြစ်သည်။

သို့ဖြစ်၍ ဆေးဝါးတင်သွင်း ဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာနိုင်ငံ တွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီ ဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုံးဝ(လုံးဝ) မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။

Myawady Daily


Leave a Reply