ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကလပ်အသင်းစာရင်းမှာ ဒုတိယနေရာကို ရောက်ရှိသွားတဲ့ ရီးယဲလ်မက်ဒရစ်
ကမ္ဘာ့တန်ဖိုးအရှိဆုံး ကလပ်အအသင်းစာရင်းတွင် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် အင်န်အဖ်အယ်လ် ကလပ် ဒါးလက်စ်ကောင်းဘွိုင်စ်၏နောက် ဒုတိယ နေရာသို့ ရောက်ရှိခဲ့ကြောင်း ဖော်ဘိစ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းမှာ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဒါးလက်စ်ကောင်းဘွိုင်စ်အသင်း၏ နောက်ကောက်ချမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ဒါးလက်စ်ကောင်းဘွိုင်စ်အသင်းသည် ယခုနှစ်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ လေးဘီဘီယံ (ပေါင် ၃ ဒသမ ဝ၂ ဘီလီယံ)အထိ ရောက်ရှိလာပြီး ယမန်နှစ်တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ၂ ဘီလီယံ(ပေါင် ၂ ဒသမ ၄ ဘီလီယံ) ထက် များစွာမြင့်တက်လာသည်ကို တွေ့ရသည်။
ရီးယဲလ်အသင်းသည် ယမန်နှစ်ကထက် တန်ဖိုးအားဖြင့် ၁၂ ဒသမ ၅ရာခိုင်နှုန်း တိုးတက်လာခဲ့သော်လည်း ဒါးလက်စ် ၏ ခုန်ပျံ မြင့်တက်လာသည့် တန်ဖိုးတိုးတက်လာမှုကို လိုက်မမီနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ရီးယဲလ်မှာ ဘောလုံးကလပ်များထဲတွင် တန်ဖိုးအရှိဆုံးအသင်းအဖြစ် ဆက်လက်ရပ် တည်နိုင်ဆဲဖြစ်သည်။
-Ref; Goal.com