ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အလုံမြို့နယ် ပါတီမျက်နှာစုံညီပွဲနှင့် မြို့နယ်ကော်မတီအသစ် ရွေးချယ်ပွဲသို့ တက်ရောက် အားပေး

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် အလုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင်လ (၁၀) ရက် မွန်းလွဲ (၁) နာရီက ကျင်းပြုပုလုပ်သော အလုံမြို့နယ် ပါတီမျက်နှာစုံညီတွေ့ဆုံပွဲနှင့် မြို့နယ်ကော်မတီအသစ်များ ရွေးချယ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်သည်။

13626331_618349565001225_1799329032786996607_n

အခမ်းအနားတွင် သဘာပတိ ဦးသာဝင်း (ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး)၊ ဦးတင်ဝင်း (ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်) ၊ဦးခင်မောင်သန်း (တိုင်းဒေသကြီး ပြန်လည်ပြင်ဆင်ရေးအဖွဲ့ဝင်) တို့က ဆောင်ရွက်ကြသည်။

သဘာပတိ တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းက ကော်မတီရွေးချယ်ရေးနှင့် ပါတီ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များပြောကြားပြီးနောက် မြို့နယ် ရပ်/ကျေး ကော်မတီ ဝင်များ၊ ပါတီဝင်များ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည်။

ထို့နောက် ရပ်/ကျေးစည်းရုံးရေးမှူးများက စာတမ်းများဖတ်ကြားပြီး မြို့နယ်အစီရင်ခံစာကို ဦးဇော်လွင်က ဖတ်ကြားတင်ပြသည်။

အခမ်းအနား ဒုတိယပိုင်းတွင် အလုံမြို့နယ်အတွင်းရှိ (၁၁)ရပ်ကွက်မှ မြို့နယ်ကော်မတီဝင် (၁၁) ဦးကို မဲစနစ်ဖြင့် ရွေးချယ်သည်။ အလုံမြို့နယ်ရွေးကောက်ခံတစ်ဦးမှာ ဦးကျော်သူရ(မြို့နယ်အတွင်းရေးမှူး)ဖြစ်သည်။ စုံညီအစည်းအဝေးသို့ အနောက်ပိုင်းခရိုင် ပါတီ အတွင်းရေးမှူး ဦးနေဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးမြင့်အောင် နှင့် လသာမြို့နယ် အတွင်းရေးမှူး ဦးအောင်ဟုတ်စိန်နှင့် ပါတီဝင် အင်အား (၅ဝ) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်.

ဖိုးချို(ယူနီယံ)


Leave a Reply