ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင် Youth Day အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ

 

ရန်ကုန်၊ စက်တင်ဘာ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီရုံးတွင် ယခုလ ၁ ရက် မွန်းလွဲ ၁ နာရီမှစတင်၍ ခရိုင် Youth Day အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းဌာန ဌာနစုမှူး (အငြိမ်း စား) ဆရာကြီး ဦးအေးမောင်က ဦးဆောင်ဆွေးနွေးပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ်များမှ လူငယ်နှင့်အမျိုးသမီးခေါင်းဆောင်များ၊ အဖွဲ့ဝင်များ အင်အား ၂၇ ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ယနေ့ နိုင်ငံရေးအခင်းအကျင်း၊ ပါတီဝင် တစ်ဦးချင်းအရည်အချင်း၊ အရည်အသွေးပြည့်မီရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ဗဟိုကော်မတီဝင် ဦးလှထွန်းဦး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ကော်မတီဝင် (လူငယ်ရေးရာတာဝန်ခံ) ဒေါ်ယဉ်ချောလှိုင်တို့ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲကို အပတ်စဉ် စနေနေ့တိုင်း ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး ယင်းနေ့ အစည်းအဝေးအား ညနေ ၄ နာရီ တွင် ပြီးမြောက်ကြောင်းသိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)