ကျေးသီးမြို့နယ်တွင် ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် (၈) ရက် နံနက် (၁ဝ) နာရီတွင်ကျေးသီးမြို့ နယ် ပါတီရုံးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ပြည်နယ် ကော်မတီဝင် ဦးခွန်သိန်းမောင်၊ လွိုင်လင်ခရိုင်တာဝန်ခံ ပြည်နယ် ကော်မတီဝင်ဦးစိုင်းဇော်ဇော်၊ ခရိုင် ပါတီအတွင်းရေးမှူး ဦးထွန်းငြိမ်း နှင့်ခရိုင်ကော်မတီဝင်များ၊ကျေးသီး မြို့နယ် မြို့မိမြို့ဖများ၊ ကျေးသီး မြို့နယ်ပါတီကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအမာခံပါတီအဖွဲ့ ဝင်များ စုစုပေါင်း အင်အား ၁ဝဝ ခန့်တက်ရောက်ခဲ့သည်။

13423872_395401823968284_1024692218516616870_n

အခမ်းအနားစတင်သည်နှင့် သဘာပတိက နေရာယူပြီး အဖွင့် အမှာစကားပြောကြားခြင်း၊ မြို့နယ် ပါတီကော်မတီဝင် ဒေါ်နန်းအေး အေးနွယ်က ၂ဝ၁၁- ၂ဝ၁၆ ခုနှစ် အတွင်း ကျေးသီးမြို့နယ်ပါတီမှ ဆောင်ရွက်ပေးခဲ့သော ဒေသ အကျိုးပြုလုပ်ငန်းများဆောင်ရွက် ချက် အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း၊ ပြည်နယ်ကော် မတီဝင်ဦးခွန်သိမ်းမောင်နှင့် ဦးစိုင်း ဇော်ဇော်တို့ကမျက်နှာစုံညီအစည်း အဝေးကျင်းပရခြင်းနှင့်လုပ်ထုံးလုပ် နည်းများ ရှင်းလင်းပြောကြားခဲ့ သည်။ ယင်းနောက် အခမ်းအနား အား အစီအစဉ်အတိုင်း ကျင်းပရာ ၂ဝ၁ဝ-၂ဝ၁၅အတွင်း ဆောင်ရွက် ခဲ့သော ကော်မတီဝင် ၁၅ ဦးက ပါတီမှ နုတ်ထွက်ခဲ့ကြသည်။ထို့နောက် အသစ်ပြန်လည် ရွေး ချယ်ခံမည့် ပါတီကော်မတီဝင် ၁၅ ဦးနှင့် အရန်ပါတီကော်မတီဝင် ၁၅ ဦးအတွက် အမည်စာရင်းတင်သွင်း သည့် ၆၃ ဦးထဲမှ လျှို့ဝှက်မဲစနစ် ဖြင့်မဲပေးခဲ့ပြီး ရွေးချယ်တင်မြှောက် ခဲ့ကြသည်။

အဆိုပါ ရွေးချယ်တင်မြှောက် ပွဲတွင် ကျေးသီးမြို့နယ်ပါတီဥက္ကဋ္ဌ အဖြစ် ဦးစိုင်းကျော်ခိုင်ကို လည်း ကောင်း၊ ပါတီအတွင်းရေးမှူး အဖြစ် ဦးမိုးကျော်သူ၊ ဘဏ္ဍာရေး မှူးအဖြစ် ဒေါ်နန်းကြူကြူဝင်း တို့အား အများဆန္ဒအရရွေးချယ် အတည်ပြုခဲ့ကြပြီး ပါတီကော်မတီ ဝင်များ၊ အရန်ပါတီကော်မတီဝင် များက ကတိသစ္စာဆိုပြီးနောက် ပါတီဥက္ကဋ္ဌက မိတ်ဆက်စကား ပြောကြားကာ အခမ်းအနားကို မွန်းလွဲ ၂ နာရီခွဲတွင် ကြွေးကြော် သံများဖြင့် အောင်မြင်စွာရုပ်သိမ်း ခဲ့သည်။

စိုင်းစိုးမင်းလတ်


Leave a Reply