သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် အစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်နှင့် ကျေးရွာ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၁၀)ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်အချိန် က သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း ၀းခန်းမတွင်ကျင်းပခဲ့သည်။

THi Paw2

အစည်းအဝေးတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးအောင်အောင်မှ ပြန်လည်ရွေးခြယ်ပွဲ ၌ ရွေးချယ်ခံ ပါဝင်လာသည့် မြို့နယ်ပါတီကော်မတီဝင်များ၏ အမည်စာရင်း များကို မိတ်ဆက်ဖတ်ကြားပေးခဲ့ကာ ပါတီရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စရပ်များအား ရှင်လင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာမှ ပါတီဝင်စည်းရုံးရေးမှူး များက မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးရေးအတွက် လိုအပ် ချက်များ၊ ရပ်/ကျေးပါတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုနှင့် လှုပ်ရှား ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သည့် ဆောင်ရွက်ချက် အသေးစိတ်တို့ကို တင်ပြခဲ့ကြကာ တင်ပြချက်များအပေါ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင်မှ ပြန်လည်ရှင်းလင်း ဖြေကြားဆောင်ရွက်ပေးခြင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းခင်မောင်ရွှေမှ ၀င်စာဖတ်စာများအား ဖတ်ကြားရှင်းလင်းခြင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းထားရှိသော ဖြိုးစေတနာရှင် လူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ မှ လက်ရှိလုပ်ဆောင်ချက်များအား ရှင်းလင်းခြင်း၊ တောင်သူလယ်သမား ရေးရာ ကော်မတီ အတွင်းရေးမှူးမှ ဆွေးနွေးတင်ပြ ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီ ၀င်များ ၊ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီစည်းရုံးရေးမှူးများ (၈၀) ကျော်တက်ရောက်ခဲ့ကြပြီး နေ့လည် (၁၁) နာရီခွဲအချိန်တွင် အစည်းအဝေးပြီးဆုံးကြောင်း သတင်းရရှိသည်။

Wai Mar Hein


Leave a Reply