ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်များ တပ်ကုန်းမြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

နေပြည်တော် သြဂုတ် ၂၇

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ရာ ဗဟိုကော်မတီဝင်များဖြစ်ကြသော ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး၊ အတွင်းရေးမှူးဦးဌေးဝင်း၊ ဦးဖေအံ့မောင်၊ အရန်ဗဟိုကော်မတီဝင် နေပြည်တော် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံဦးဇော်မျိုးသိန်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဝင်းဗိုလ်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ဦးဌေးဝင်းက ပါတီလုပ်ငန်းဆိုင်ရာများ၊ အားနည်း နေသော ကော်မတီဝင်များအစား တက်တက်ြ<ွကြ<ွကဆောင်ရွက်နိုင်မည့်သူများဖြင့် တာဝန်ပေးအပ် သွားရန် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ပြီး ဗဟိုကော်မတီဝင်ဦးဖေအံ့မောင်က မိမိတာဝန်ယူရသော မြို့နယ်ဖြစ်သည့်အတွက် အားလုံးထဲမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ကြစေလိုကြောင်း၊ တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်ပြီး ပါတီဝင်အင်အား တိုးပွားရေး ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဗဟိုကော်မတီဝင် နာယကဦးခင်မောင်ဌေးက အားနည်းသော ကော်မတီဝင်များ အစား ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန် ကော်မတီဝင်များအနေဖြင့် ပါတီအခြေခံစည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ယင်းနောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ကော်မတီ ဖွဲ့စည်းပုံကျစ်ကျစ်လျစ်လျစ်ဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ကြရန်၊ ပါတီဝင်အင်အား တိုးတက်ရေးနှင့် ပါတီဝင်ကြေးများ တိုးတက်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန် မှာကြား ခဲ့ပြီးနောက် မြို့နယ် ကော်မတီအဖွဲ့မှ ပါတီလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ရန်ရှိသည်များ ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုနယ်မြေ၊ ခရိုင်တို့က ပေါင်းစပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)