ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၂၄)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ (၂၄) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲအား ဇူလိုင်လ (၉) ရက်နေ့ နံနက် (၁ဝ) နာရီက ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး အမျိုးသားသွေးဌာန၌ ကျင်းပခဲ့သည်။

59828126-09072016

အဆိုပါပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း(ရ န်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး) က အမှာစကားပြောကြားပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင် (ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးဌာနတာဝန်ခံ)က သွေးလှူဒါန်းကြသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ အား သွေးလှူဒါန်းခြင်း၏အကျိုး ကျေးဇူးများရှင်းလင်းပြီး ကျေးဇူး တင်စကားပြောကြားသည်။

ထို့နောက် မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များ သွေးလှူဒါန်းနေမှုကို တာဝန်ရှိသူများ ကြည့်ရှုအား ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း (တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး)နှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးတင်မောင်ဝင်း၊ ဒေါ်စန်းစန်းနွယ်၊ အရန်ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးတင်လှိုင်(တိုင်း သွေးလှူဒါန်းမှုတာဝန်ခံ)၊ ဦးတင်ဝင်းတို့နှင့် မြောက်ပိုင်းခရိုင် ကော်မတီဝင်များ၊ မြောက်ပိုင်းခရိုင်(၈) မြို့နယ်မှအတွင်းရေးမှူးများ၊ မြို့နယ်နှင့် ရပ်/ကျေး ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မြင့်ဦး


Leave a Reply