တောင်ဥက္ကလာပတွင် ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တောင် ဥက္ကလာပမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ်မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂) ရက် နံနက် (၉) နာရီက မြို့နယ် ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ရန်ကုန် အရှေ့ပိုင်းခရိုင် အတွင်းရေးမှူး ဦးစိန်မြင့်၊ ခရိုင် ကော်မတီဝင်များဖြစ်ကြသော ဦးနိုင်အောင်၊ ဦးကျော်စိုး၊ ဒေါ်ဇာခြည် လင်း၊ ဒေါ်ဝင်းဝင်းအောင်၊ ဦးဝဏ္ဏမျိုး၊ ဦးသိန်းကျော်အောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီစည်းရုံးရေးမှူးများ စုစုပေါင်းအင်အား (၆ဝ) ခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းရေးမှူး ဦးစိန်မြင့်က ဆောင် ရွက်ခဲ့ပြီး အစည်းအဝေးကို အစီ အစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ပထမပိုင်း အစီအစဉ်တွင် သဘာပတိက အဖွင့်အမှာစကားပြော ကြားပြီးနောက် မြို့နယ်ပါတီကော် မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို အဖွဲ့၏ကိုယ်စား မြို့နယ် ပါတီကော်မတီဝင် ဦးလှဌေး က ဖတ်ကြားတင်ပြခဲ့သည်။

ယင်းနောက် အစုအဖွဲ့များ၏ စာတမ်းများ ဖတ်ကြားဆွေးနွေးခြင်းကို မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပါတီ ကော်မတီဝင်ဟောင်းများ နုတ်ထွက်ကြောင်း ကြေညာ၍ အစည်းအဝေးပထမပိုင်းကို ရပ်နားသည်။

ဒုတိယပိုင်းအခမ်းအနားအစီအစဉ်တွင် မြို့နယ်ပါတီကော်မတီဝင်အသစ်များ ပြန်လည် ရွေးချယ်ခဲ့ပြီး သဘာပတိက ပါတီကော်မတီ ရွေးချယ်ခြင်းဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ပါတီဝင်များ၏ သဘောတူညီမှုကိုရယူ၍ မြို့နယ်ပါတီ ကော်မတီဝင်အသစ်များနှင့် အရန်ပါတီကော်မတီဝင်အသစ်များ၏ အမည်စာရင်းကို ကြေညာခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်မိုး၊ အတွင်းရေးမှူးအဖြစ် ဦးကျော်စိုးဦး၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးဌေးလွင် တို့ကို ရွေးချယ်ခဲ့ကြပြီး မြို့နယ် ပါတီကော်မတီဝင် အသစ် များ၊ အရန်ပါတီကော်မတီဝင်အသစ်များက သဘာပတိအဖွဲ့ရှေ့မှောက်တွင် ကတိသစ္စာ ခံယူကြသည်။

ဆက်လက်၍ ခရိုင်ပါတီညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်များကို ရွေးချယ် အတည်ပြုကြေညာခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌအသစ် ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက် စကားပြောကြားပြီး သဘာပတိ ဦးစိန်မြင့်က နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်း အဝေးကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

စိုးစိုးစံ


Leave a Reply