ကချင်ပြည်နယ်ပါတီကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကချင်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇွန်လ (၂၂) ရက် နေ့လည် (၂) နာရီအချိန်က ပြည်နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ပါတီကော်မတီဝင်များ (နယ်မြေတာဝန်ခံ)၊ သက်ဆိုင်ရာခရိုင်/မြို့နယ်များ သို့ ကွင်းဆင်းဆောင်ရွက်လျှက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များ၏ မျက်နှာစုံညီအစည်းအဝေးများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ ကြပ်မတ်ဆောင်ရွက်ရေး၊ မျက်နှာစုံညီ အစည်းအဝေး တွင် နယ်မြေ အလိုက် ဂွင်အလိုက်၊ လူမျိုးအလိုက် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်ပါတီ ကော်မတီဝင်များ ဖြစ်ကြသည့် ဦးတင်မောင်ဝင်း၊ ဦးချစ်ဦး၊ ဦးဥာဏ်သိန်း၊ ဦးဘရန်ရှောင်၊ ဦးမရန်ဘရန်ရှောင်၊ ဦးချန်တန်ခင်၊ ဒေါ်ရှီဇော်လွမ်းလန်း၊ ဦးညွန့်ဝင်း၊ ပြည်နယ်ရုံးအဖွဲ့မှူး ဦးသိန်းထွန်းအေး၊ စည်းရုံးရေးဌာန အငယ်တန်းစာရေး ဒေါ်ဝေေ၀အောင်၊ ငွေစာရင်းကိုင် ဒေါ်လွမ်းနန်းတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


Leave a Reply