ဖားကန့်မြို့နယ်ပါတီ မျက်နှာစုံညီစည်းဝေးအတွက် အကြိုညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၁) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးသို့ ကချင်ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးစိုးသိန်း၊ မိုးညှင်းခရိုင်ပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်း၊ ကိုယစားလှယ်ဟောင်း (ငြိမ်း) ဦးဝင်းရွှေ၊ ပါတီဝင်ဟောင်း ဦးဘရန်ဆိုင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအင်ဖရောင်းဂမ်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေး တွင် ဦးအင်ဖရောင်းဂမ်မှ အဖွင့်အမှာ စကားပြောကြားကာ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုးသိန်းက မြို့နယ်ပါတီ ကော်မတီ ရွေးချယ်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ မရှင်းလင်းသည့်အချက်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။


Leave a Reply