ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပါတီ ကော်မတီ နှစ်ပတ်လည် မျက်နှာစုံညီ စည်းဝေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် (အရှေ့ပိုင်း) ခရိုင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၆ ခုနှစ် နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ (၁၈) ရက် နံနက် (၉) နာရီတွင် မြို့နယ်ပါတီ ရုံးခန်းမဆောင်၌ ကျင်းပခဲ့သည်။

45294191-21062016

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ပါတီဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်အောင်၊ခရိုင်ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ဦးဝဏ္ဏမျိုး ဦးသိန်းကျော်အောင်နှင့်ဒေါ်ဝင်းဝင်းအောင်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်သူ၊ ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ ဒဂုံ(အရှေ့) စက်မှုမြို့ စက်မှုဇုန် ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဝင်းဆွေ၊ မြို့နယ် စာပေအသင်းဥက္ကဋ္ဌ ဒေါ်မြမြ၊ မြို့မိ မြို့ဖ ဦးရဲနိုင်နှင့် ဒေါ်နီလာ၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမြင့်ခိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာ (၃၂) ခုမှ အဖွဲ့ခေါင်းဆောင်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၅ဝ) တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပါတီအဆင့်ဆင့် ပါတီညီလာခံတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် ကော်မတီဝင်များ၊ အရန် ကော်မတီဝင် များက ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် လေးနက်တည်ကြည်စွာ ကတိသစ္စာပြုကာ ကြွေးကြော်သံငါးရပ် ကြွေးကြော်၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လှမျိုး(ဒဂုံအရှေ့)


Leave a Reply