မွန်ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ပြည်နယ်/ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေး ကြီးကြပ်ရေး ကော်မတီ များနှင့် တွေ့ဆုံ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအုန်းမြင့် သည် ဇွန်လ(၇)၊ နေ့လယ် (၁၂) နာရီအချိန်မှ မွန်းလွဲ(၂) နာရီ (၃၀)မိနစ် အချိန်ထိ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ နှင့် မြို့နယ်ပါတီမျက်နှာစုံညီအစည်းအဝေး ကြီးကြပ်ရေးကော်မတီများအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအုန်းမြင့်မှ မြို့နယ်ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ပတ်သက် သည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့် သိသင့်သိထိုက်သည်များအား ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေး ကြီးကြပ်ရေးကော်မတီများ စုစုပေါင်း အင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မုဒုံသား


Leave a Reply