သဘာဝ သစ်သီးဖျော်ရည်တွေရဲ့ ကျန်းမာရေးဆေးစွမ်း
သဘာဝသစ်သီးဖျော်ရည်တွေက ကျန်းမာရေးအတွက် ဆေးစွမ်းကောင်းဖြစ်စေတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။
စိတ်ဓာတ်ကျရင် – မုန်လာဥနီဖျော်ရည်၊ ပန်းသီးဖျော်ရည်သောက်ပါ။ ပြည်တည်နာ ဖြစ်တဲ့အခါ – ကော်ဖီထုပ် ဖျော်ရည်၊ တရုတ်နံနံဖျော်ရည်၊ မုန်လာဥနီဖျော်ရည် သောက်ပါ။
ကျောက်ကပ်သန့်စင်စေဖို့အတွက် – ဖရဲသီးဖျော်ရည်၊ သခွားသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ နံနံပင်ဖျော်ရည် သောက်ပါ။
သွေးတိုးတဲ့အခါ – ပန်းသီးဖျော်ရည်၊ ဂျင်းဖျော်ရည်၊ သခွားသီးဖျော်ရည်၊ တရုတ်နံနံဖျော်ရည် သောက်ပါ။
ပင်ပန်းနွမ်းနယ်နေရင် – မုန်လာဥနီဖျော်ရည်၊ ပန်သီးစိမ်းဖျော်ရည်၊ သံပရာရည်၊ ဟင်းနုနွယ်ရွက်ဖျော်ရည် သောက်ပါ။
ဝမ်းချုပ်နေရင် – ပန်းသီးဖျော်ရည်၊ ဂေါ်ဖီထုပ်ဖျော်ရည်၊ မုန်လာဥနီဖျော်ရည် သောက်ပါ။
ပန်းနာရင်ကျပ်ဖြစ်နေရင် – ကြက်သွန်ဖြူဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ ပန်းသီးဖျော်ရည်၊ သံပရာရည်၊ ဟင်းနုနွယ် ရွက်ဖျော်ရည်သောက်ပါ။
ခေါင်းကိုက်တဲ့အခါ – ပန်းသီးဖျော်ရည်၊ ဂေါ်ဖီထုပ်ဖျော်ရည်၊ ကိုက်လန်ဖျော်ရည်၊ ဂျင်းဖျော်ရည်၊ တရုတ်နံနံ ဖျော်ရည် သောက်ပါ။
အဆစ်အမြစ် ရောင်ရမ်းနာကျင်ခဲ့ရင် – နာနာတ်သီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ တရုတ်နံနံဖျော်ရည်၊ သံပရာရည် သောက်ပါ။
စိတ်ဖိစီးမှု ခံစားရတဲ့အခါ – ငှက်ပျောသီးဖျော်ရည်၊ စတော်ဘယ်ရီသီးဖျော်ရည်၊ သစ်တော်သီဖျော်ရည် သောက်ပါ။
အစာမကြေဖြစ်ခဲ့ရင် – နာနာတ်သီးဖျော်ရည်၊ သံပရာရည်၊ မုန်လာဥနီဖျော်ရည်၊ ပူဒီနာရွက်ဖျော်ရည် သောက်ပါ။
ဆီးချိုရောဂါအတွက် – တရုတ်နံနံဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ ဟင်းနုနွယ်ရွက်ဖျော်ရည် သောက်ပါ။
အရက်မူးလွန်ခဲ့ရင် – ပန်းသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ သံပရာရည် သောက်ပါ။
Source & Photo: Happy & Healthy Duwun