SPA က ပြည်တွင်းရှိ အဖွဲ့ အစည်းလေးခုကို နည်းပညာများ ထောက်ပံ့

13173819_1306519172696941_6297658800852922205_n

ဂျာမနီအခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သည့် SAP သည် ပြည်တွင်းရှိ အဖွဲ့အစည်းလေးခုကို နည်းပညာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ Charity Oriented Myanmar (ဒါနရှေ့ဆောင်မြန်မာ) ၊ အာရုဏ်ဦး လူမှုတိုးတက်ရေး အဖွဲ့အစည်း၊ ကျေးလက်ဖွံ့ဖြိုးရေး Community Agency နှင့် KT Care စသည့် အဖွဲ့ အစည်း လေးခုအတွက် စီမံခန့်ခွဲမှုဆိုင်ရာတွင် နည်းပညာပိုင်းဆိုင်ရာများကို SAP က အကူအညီ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

SAP မှ အရာရှိ ၁၂ ဦးသည် ပြည်တွင်းရှိ လူမှုအကျိုးအပြု အဖွဲ့အစည်း လေးခုအတွက် တစ်လအကြာ လာရောက်၍ နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သည့်အပြင် အဆိုပါအဖွဲ့အစည်းများ တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

SAP သည် လက်ရှိအချိန်၌ စင်ကာပူနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဈေးကွက်ဝင်ရောက် ထိုးဖောက်နေသည့် အချိန်ဖြစ်ပြီး ပြည်တွင်း၌ လူမှုအကျိုးပြု လုပ်ငန်းများကိုလည်း လာရောက်လုပ်ကိုင် ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။

“လူမှုအကျိုးပြု အဖွဲ့အစည်းလေးခုကို ထောက်ပံ့ပေးပြီး SPA ရဲ့ဝန်ထမ်းတွေနဲ့အတူ လိုအပ်ချက်၊ ရည်မှန်းချက် တွေကို အတူတကွ အကောင်အထည် ဖော်ဆောင် နိုင်ဖို့ပါ။ လူမှုကူညီရေးတွေမှာ ရင်းနှီးမြှုပ်နှံ ခဲ့တာကြောင့်လည်း ရေရှည်အသုံးဝင်တဲ့ ရလဒ်တွေ ခံစားရမှာပါ” ဟု SAP မှ Liher Urbizu Sierra က ပြောသည်။


Leave a Reply