လက်စတာဘောလုံးသမား တစ်ဦးလျှင် မာစီးဒီးကားတစ်စီးရမည်

33CB8D0300000578-3574048-image-m-4_1462397114208

လက်စတာစီးတီးအသင်း ယခုနှစ်ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခြင်းကြောင့် အသင်းပိုင်ရှင် ထိုင်းလူမျိုးသူဌေးကြီး ၀ီချိုင်ဆိရိဗက်ဟန်နာပရာဘာ က ဘောလုံးသမား ၃၀ ဦးအား မာစီးဒီးကားတစ်စီးစီ ဆုချီးမြှင့်မည်ဖြစ်သည်။

တန်ဖိုး စတာလင်ပေါင် ၃၂,၆၇၀တန်ကြေးရှိ မာစီးဒီး B.class လျှပ်စစ်ကားတစ်စီးကို လက်စတာ ဘောလုံးသမားများအား  ဆုချီးမြှင့်မည်ဖြစ်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၀ီချိုင်အနေဖြင့် ပေါင်တစ်သန်းခန့်ကုန်ကျ မည်ဖြစ်သည်။

ဘီလျံနာသူဌေးကြီး ၀ီချိုင် က နည်းပြ ရာနီရေရီ၏ လက်စတာအသင်းသားများကို အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့သို့ ကုန်ကျစရိတ် အားလုံးတာဝန်ယူ၍ ပို့ဆောင်ပေးမည်ဟု ကတိပြုထားသည်။

လက်စတာအသင်းသည် ပရီးမီးယားလိဂ်ဆုကြေးငွေ ပေါင် ၆ ဒသမ ၅ သန်း ရရှိမည်ဖြစ်သည်။ ထို့အပြင် အပိုဝင်ငွေ သန်းပေါင်းများစွာ ရရှိရန် သေချာသွားပြီဖြစ်သည်။

လာမည့်ရာသီတွင် ချန်ပီယံလိဂ်၌ ပါဝင်ကစားချိန်တွင် လက်စတာအသင်းအနေဖြင့် ၀င်ငွေ ပိုကောင်းလာမည်ဖြစ်၍ သူဌေးကြီး ၀ီချိုင်က ကစားသမားများအား အကျိုးအမြတ်ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်စတာသည်  အိမ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲများ၌ လာရောက်အားပေးသော ပရိသတ်များအား ဘီယာအခမဲ့ တိုက်သဖြင့် လူသိများထင်ရှားလာသော အသင်းဖြစ်သည်။

—Ref:Dailymail


Leave a Reply